+ အင်္ဂါခြေလက် - စုံပါလျှက်နဲ့ 
ရပ်ကွက်အိမ်စဉ် - လှည့်လည်ဝင်၍
ဝမ်းလျှင်ဖြည့်ကြ - တို့ ဘ၀။ ။
+ ရဟန်းဘဝ -
ဓုရနှစ်ထွေ - ကျင့်ရပေဟု
ဆိုထွေမှာကြား - စကားများကြောင့်
အားတက်စိတ်ပူ - ကျမ်းဆူဆူကို
ဇွဲထူသင်ကြား - နေ့ မအားခဲ့
ကြိုးစားနေ့ ည - မြဲနိစ္စ။ ။
+ တစ်ခါခါဝယ်-
သင်္ကန်းသပ္ပာယ် - သပိတ်လွယ်ကာ
ထွက်လာလမ်းမ - ဆွမ်းခံကြွဘို့ 
ကျောင်းကထွက်တုန်း - ဗြုန်းကနဲဆို
ရွှေမိုးညိုက - မာန်ပိုအားခဲ
ရွာသွန်းကြဲတော့ - ဝမ်းထဲကဆာ
မနေသာဘူး - ဝမ်းစာအတွက်
ဆက်ကာထွက်ရ - မိုးရေဆထဲ
အားမာန်ခဲလျှက် - -
+ အင်း----
ထွက်သာထွက်ရ - ဆွမ်းရဘို့ လျှင်
ဘယ်မမြင်ဘူး - အိမ်စဉ်ဝင်ထွက်
လောင်းလိုက်ချက်က - မနက်ဈေးသွား
နောက်ကျသွားလို့  - ကြားရသူနွမ်း
ကန်တော့ဆွမ်း--တဲ့---။ ။
+ သြော်---စာသင်သားတို့ --
အခြေပြုလျှင် - ဝမ်းမှုအားငယ်
ဘယ်မလွယ်ဘူး - တကယ်တွေးကြည့်
မိဝေး ဖဝေး - ဆွေညာဝေးနဲ့ 
နာရေးတစ်ဖန် - ကြုံလာပြန်က
အမှန်မိဘ - စိတ်မှာ တ-မိ
တ-သာ တ-ရ - ဝေးဒေသမှ
မိဘဘယ်မှာ - သိမည်နည်း
အရှင်ဓမ္မပိယ (ဘုန်းနိုင်လင်း-ပညာမြေ)
ရပ်ကွက်အိမ်စဉ် - လှည့်လည်ဝင်၍
ဝမ်းလျှင်ဖြည့်ကြ - တို့ ဘ၀။ ။
+ ရဟန်းဘဝ -
ဓုရနှစ်ထွေ - ကျင့်ရပေဟု
ဆိုထွေမှာကြား - စကားများကြောင့်
အားတက်စိတ်ပူ - ကျမ်းဆူဆူကို
ဇွဲထူသင်ကြား - နေ့ မအားခဲ့
ကြိုးစားနေ့ ည - မြဲနိစ္စ။ ။
+ တစ်ခါခါဝယ်-
သင်္ကန်းသပ္ပာယ် - သပိတ်လွယ်ကာ
ထွက်လာလမ်းမ - ဆွမ်းခံကြွဘို့ 
ကျောင်းကထွက်တုန်း - ဗြုန်းကနဲဆို
ရွှေမိုးညိုက - မာန်ပိုအားခဲ
ရွာသွန်းကြဲတော့ - ဝမ်းထဲကဆာ
မနေသာဘူး - ဝမ်းစာအတွက်
ဆက်ကာထွက်ရ - မိုးရေဆထဲ
အားမာန်ခဲလျှက် - -
+ အင်း----
ထွက်သာထွက်ရ - ဆွမ်းရဘို့ လျှင်
ဘယ်မမြင်ဘူး - အိမ်စဉ်ဝင်ထွက်
လောင်းလိုက်ချက်က - မနက်ဈေးသွား
နောက်ကျသွားလို့  - ကြားရသူနွမ်း
ကန်တော့ဆွမ်း--တဲ့---။ ။
+ သြော်---စာသင်သားတို့ --
အခြေပြုလျှင် - ဝမ်းမှုအားငယ်
ဘယ်မလွယ်ဘူး - တကယ်တွေးကြည့်
မိဝေး ဖဝေး - ဆွေညာဝေးနဲ့ 
နာရေးတစ်ဖန် - ကြုံလာပြန်က
အမှန်မိဘ - စိတ်မှာ တ-မိ
တ-သာ တ-ရ - ဝေးဒေသမှ
မိဘဘယ်မှာ - သိမည်နည်း
အရှင်ဓမ္မပိယ (ဘုန်းနိုင်လင်း-ပညာမြေ)
No comments:
Post a Comment